Thursday, February 17, 2011

အချစ် by ဂျူး

လိုက်ခဲ့မယ်နော်

မျက်လုံးပေါ်မှာ

နှုတ်ခမ်းပေါ်မှာ

အိပ်ပျော်မှာပါ



နွံလွှာနက်နက်

ခြေတစ်ဖက်ကျွံနစ်

ရုန်းထွက်ဖို့မဖြစ်နိုင်တော့ပါ..



လမ်း ၃၀

လွယ်အိတ်အဖြူ

ခုံထူဖိနပ်

အမှတ်(၁)ဘတ်စ်ကား

အားလုံးကိုကျေးဇူးတင်ပါတယ်။



ရွှေရှာတာမဟုတ်ဘူး

ငွေရှာတာမဟုတ်ဘူး

အချိုရှာတာပါကိုကိုရယ်

အချစ်ဆိုတာဒါလား

ဘီယာလိုပဲ ခါးတယ်နော်။ ။



ဂျူး

( ရှုမဝမဂ္ဂဇင်း)

၂၀၀၉ ဒီဇင်ဘာ စင်ကာပူမှာလုပ်ခဲ့တဲ့ စာပေဟောပြောပွဲမှာ ဆရာမဂျူး ရွတ်ပြခဲ့တဲ့ ကဗျာလေးပါ။ ထိုကဗျာလေးကို ဆရာမဂျူး 1stMBတုန်းက ရေးခဲ့တဲ့ကဗျာလေးလို့ ဆရာမမှ ပြောကြားသွားခဲ့ပါတယ်။ ကဗျာရဲ့ နောက်ဆုံးပုဒ်လေးကိုလည်း ပြန်ပြင်ချင်ခဲ့ပါတယ်တဲ့။ ဆရာမက



ရွှေရှာတာမဟုတ်ဘူး

ငွေရှာတာမဟုတ်ဘူး

အချိုရှာတာပါကိုကိုရယ်

အချစ်ဆိုတာဒါလား

ဘီယာလိုပဲ

ခါးချင်တဲ့ချိန်မှာခါးပြီး

မခါးချင်တဲ့ချိန်မှာမခါးပါဘူး ..



လို့ ပြန်ပြီး ပြင်ချင်ပါတယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။



(One of Admins)

No comments:

Post a Comment