..ကြယ်မရှိပဲ လင်းချင်သတဲ့
ကြယ်တွေကို ဖဲ့ခြွေလိုက်ပုံများ
နေမင်းလဲ အမြဲမရှိနိုင်တာ
လမင်းလဲ အမြဲမလင်းနိုင်တာ
သတိလက်လွတ်လိုက်ပုံများ..............
..ကြယ်စင်တွေ တဖြည်းဖြည်း ကွဲကြေ
အလင်းတန်းတွေ ဆိတ်သုဉ်း
ရင်ဘတ်ထဲ ကြယ်လေးတွေ ပြုန်းကာမှ
လမ်းပျောက်တဲ့ ကမ္ဘာ
တစ်ယောက်ထဲ သာယာနိုင်ပါ့မလား.....
သေချာစဉ်းစား
ကြိုးတွေ ပွန်းပဲ့ခဲ့ပြီ
အလင်းတွေ မှုန်ဝါးနေခဲ့ပြီ
ရှေ့ဆက် ကြယ်စင်တွေ ပဲ့ကြွေ
စိုပြေမှုတွေ ကျဲပါးကုန်မှ
ဒေါသရဲ့ နောက်ဆက်တွဲ
လှိုက်လှိုက်လှဲလှဲ ကြိုဆိုနိုင်ပါစေ....
ဘ၀ တစ်ခဏတာ တွေ့ဆုံကြတုန်း ပျော်ရွှင်မှုတွေနဲ့ပဲ ပေးဆပ်ချင်ပါတယ်....
မေမေ့ ကောင်းကင်အောက်က မှုန်ဝါးဝါးကြယ်
hoshi...
Wednesday, March 17, 2010 at 1:25pm
No comments:
Post a Comment