Thursday, January 13, 2011

ပျင်းလို့ ရှူဖြစ်တဲ့ ဒီ ၀င်သက် ထွက်သက်

နွေ...သူ့ဘာသာနေတာပါ။

ငါတို့ကသာဆွဲဆွဲပီး

ပူတယ်ပြောနေတာ။

အတိတ်...

သူ့ဘာသာ တိတ်ဆိတ်ပီးသား။

သွားသွားပီး ဆွဲမခေါ်ပါနဲ့။

ပင်လယ်...

ပြည့်ကျပ်လွန်းလို့ စီးကြောင်းတလွဲတွေနဲ့။

မျက်ရည်တွေနဲ့ ထပ်ထပ်ပီးမထည့်ပါနဲ့။

အိမ်မက်...

ငယ်ငယ်ကတည်းကမက်လာတာ။

ကြီးတဲ့အထိနှိပ်စက်တုန်းပဲ။

ကိုယ့်လမ်းတော့ကိုယ်မောင်းတာပဲ၊

အမှတ်တရတွေ လမ်းပြောင်းပြန်စီးပီး၊

ငါကိုဝင်တိုက်....။

ဒီအခိုက်...ဒီအခိုက်...ဒီအခိုက်..။
by ရာစုသစ်မ
Wednesday, October 20, 2010 at 1:55pm

No comments:

Post a Comment