Thursday, January 13, 2011

Happy New Year 2011

ဘ၀ကို ဖြစ်သလိုမောင်းတဲ့

အဲ့ဒီ ရထားကြီး

ရင်ဘတ်ဖွင့်ပြီး ကြိုလိုက်တယ်



ကောင်းသော နှစ်သစ်ပါ နှစ်ထောင့်ဆယ့်တစ်



ဒီကောင် အဟောင်းတွေ ပစ်ပြီး

အကောင်းတွေဝတ်ဆင်

အပြစ်တင်ခြင်းတွေလဲ

ကင်းပါစေတော့ဟယ်။



ခမ်းနားခြင်း မသိတဲ့

အဲ့ဒီ လမ်းသလားခြင်းတွေလဲ

ကင်းပါစေ။

ရမ်းကားခြင်းတွေလဲ ကင်းပါစေ။



ဗရမ်းဗတာနဲ့

လက်ဖွာခြင်းလဲ ကင်းပါစေ။

လက်ပါခြင်းလဲ ကင်းပါစေ။

အရှက်ဖြာခြင်းလဲ ကင်းပါစေ။

(အရှက်မရှိခြင်း ဖြစ်ပါစေဟု ဆိုလိုသည်)



ဒီနေရာမှာ

ထွက်သက်ဝင်သက်

အခက်အခဲ မရှိပါစေ။



ပုလင်းတိုင်း မူးပါစေ

သတင်းတိုင်း ထူးပါစေ။



အမိမြန်မာနိုင်ငံကြီးလဲ

လွတ်လပ်ရေး ရပါစေ။



...ကလေးမ...
Friday, December 31, 2010 at 9:45am

No comments:

Post a Comment