Thursday, January 13, 2011

မိုးကြိုးပစ်တဲ့ နေ့

နင့် မျက်နှာ မည်းမည်းကြီးနဲ့
အုံ့ဆိုင်းမကြည့်ပါနဲ့လား...
နင့် အသံလှိုင်ခေါင်းကြီးနဲ့
မချိန်းလိုက်ပါနဲ့လား...
နင်က အော်မြည်ထစ်ချုန်း
တလက်လက်ထနေတဲ့
ဒီ လျှပ်တွေနဲ့
ဒီ အသံသြောတွေကြား
စိမ့်စိမ့်တက်နေတဲ့
ကြောက်အားကို နင်သိမယ် မထင်ဘူး..
ငါ့ မျက်မှန်ကြားထဲက ကလယ်နေတဲ့ မျက်လုံးလေး
ပြူးကျယ်မထွက်ခင်
နင် ရပ်တန့်လို့ပေးပါ...


...ကလေးမ...
Thursday, April 15, 2010 at 6:29pm

No comments:

Post a Comment