အဲ့ဒါ ဘာတဲ့!
အိုဗာတင်း ဆိုလား
သူပြောလို့သာ နားထောင်လိုက်ရတယ်
ခပ်ညစ်ညစ် ရေနွေးတခွက်ကိုများ....။
ဗိုက်က တော်တော်ဆာနေပြီ...။
ဖြစ်နိုင်ရင် သွားတိုက်ဆေးတွေပါ မျိုချပစ်လိုက်ချင်ရဲ့
ကျေးဇူးပြုပြီး အသားယောင်ဆောင်ထားတဲ့
အဲ့ဒီ ကြက်ဥတွေနဲ့
ထမင်းကြော်ကို ငါနဲ့ ဝေးဝေးထားပေးပါ...။
ဖြစ်နိုင်မယ်ဆို
နိုင်ငံရေး သတင်းဖလှယ်ပွဲ
အဲ့ဒီ မနက်စာ စားပွဲ ဆီကို
ငါ ချီမတက်ချင်ဘူး....။
ပုံသေနည်းတွေ နဲ့ မနက်စာတစ်ပွဲ
ဗိုက်က တော်တော့် ကို ဆာနေခဲ့ပြီ....။
...ကလေးမ...
Monday, November 1, 2010 at 1:14pm
No comments:
Post a Comment