ငိုက်လိုက်တဲ့ အမျိုး
အချိုးမကျတဲ့ ဒီမျက်ခွံတွေ
လေးလံ လိုက်ပုံက
သိမ်းဆည်းမရ။
ဘာရယ်ကြောင့်များ
မျက်ခွံတခုစာ ကရိန်းမထွင်ခဲ့ကြသလဲကွယ်
မိုက်မဲ လိုက်ပုံများ။
ဒီ အောင်ပွဲအတွက်
ထိတွေ့ခွင့်မရပဲ
ပီတိကိုသာ သေရည်ကျူးခဲ့
ငိုက်လိုက်တဲ့ အမျိုး
အရိုးပေါ်လဲ အရေလေးပဲ တင်နေခဲ့ပြီ။
...ကလေးမ...
Monday, July 12, 2010 at 5:56pm
No comments:
Post a Comment