ပေါ့ပေါ့နေ
ပေါ့ပေါ့စား
ပေါ့ပေါ့သွား
ဘ၀ကို ပေါ့ပေါ့ထားတဲ့
အပေါ့စားကောင် တဲ့....။
ဒီကောင့် ရင်ဘတ်ကြီးထဲ
အရာရာ အလေးအနက်ထား
ခနခန လှိုက်စားခံရတာ
အမေ မှ မသိပဲကိုး....။
ဘ၀ကို ၃၀ ဒီဂရီ နဲ့ကြည့်
ဘ၀တဆစ်ချိုးတာတွေ
သူ့နှမ အဖြစ်ဆိုးတာတွေ
ဒီကောင်
နားမလည်ဘူး အမေ...။
တစ်ခါ လာရတဲ့
ဒီ လူ ဘဝ
လူပါးခပ်၀၀ပဲ နေလိုက်ချင်တယ်။
တခါတခါ လဲ
တရုတ်တွေ မြင်းလုပ်
တက်ကလုတ် တက်ကလုတ် နဲ့
စီးပစ်ချင်သေးတယ်။
မကြာမကြာလဲ
ဟို စည်တော်ထဲက စိမ့်ကျရေ
တရှိုက်မက်မက်နဲ့
ခွက်ချင်းတိုက်နေလိုက်တယ်။
တကယ်တော့
အမေရေ
လု ဘ၀ထက်
လူဘ၀ ဖြစ်ချင်လို့
ပေါ့ပေါ့နေ
ပေါ့ပေါ့စား
အပေါ့စားကောင်ပဲ
ဖြစ်နေလိုက်တော့တယ်။
...ကလေးမ...
Thursday, November 25, 2010 at 12:17pm
No comments:
Post a Comment