Thursday, January 13, 2011

ထုံဆေး

ပါးပါးချင်း လွှာနေခဲ့
တခေါက်ချင်း သိမ်းသွင်းသွားခဲ့
အသိစိတ် မရှိတော့တဲ့
အထိတွေ့ မသိတော့တဲ့
ငါဟာ ငါမဟုတ်တဲ့ တဒင်္ဂ...
ဒီခဏက လွန်မြောက်ချိန်
တဆစ်ဆစ် ကိုက်နေခဲ့
တကျွတ်ကျွတ် ညဉ်းနေလဲ
ငါဟာ ငါမှန်းသိနေခဲ့...
ထုံထိုင်းနေခဲ့ သင့်တယ်..

...ကလေးမ...
10 May 2010
Operation အမှတ်တရ
Monday, May 10, 2010 at 8:53pm

No comments:

Post a Comment