Thursday, January 13, 2011

" အိပ်မက်ဆိုး "

လမိုက်ညမှာ

ရေငတ်နေသလို

ဆာလောင်မှုဟာ ပြင်းလွန်းတယ်။



အငန်ဓါတ်တွေနဲ့

ပင်လယ်လောက်ကြီး သယ်မလာနဲ့ကိုယ့်လူ

ရေချိုတစ်စက် မဟုတ်တောင်

တစ်ဝက်တော့ လုပ်ကွာ။



ဒါမှမဟုတ်

ခံစားချက်ခါးခါး ကိုသတ်ဖို့

တတ်နိုင်ရင်

အခါးဆုံးတစ်ပုလင်းပေးကွာ။



သေချာတာက

ငါ့အမြည်းဟာ ချိုနေဖို့မလိုအပ်ဘူး

မရှိရင်လည်း " ဆား " နဲ့ပဲမြည်းမယ်ကွာ။



ဖြေဆေးမရောင်းဘူး

လာမပြောနဲ့

ဆွဲထိုးမိလိမ့်မယ်။



အရေးကြီးတာက

ဒီည

အိပ်မက်ဟောင်းထပ်မမက်ဖို့ပဲ။



ကိုယ့်ဆရာရေ

နောက်တစ်လုံးဟေ့................။



" အေ့ "





ဖန်နေ၀န်း (ဗန်းမော်)
http://phannaywon.blogspot.com/

No comments:

Post a Comment