Thursday, January 13, 2011

ချစ်သောပင်လယ်


သူတို့ ပြောတဲ့ ကမ်းခြေတဲ့

အလွမ်းတောင် မပြေခဲ့ဘူး

ငပလီကို....။



လှိုင်းမရှိတဲ့ ကမ်းကို

ပင်လယ်တဲ့

အရူးတွေ

ငပလီကို လာခဲ့ဖို့

တကူးတကတောင် မဖိတ်ချင်ဘူး

နွားခြေရာကို ပင်လယ်တဲ့လေ။



သဲသောင် နဲ့ ကျောက်ဆောင်

ခရုတစ်ကောင်တောင် မမြင်ခဲ့ရဘူး

ပင်လယ်အတုနဲ့ အဲ့ဒီ ကမ်းခြေက။



လာခဲ့စမ်းပါ

ငပလီကို

လတ်ဆတ်တဲ့ လေအေး

သဲသောင်ဖွေးဖွေးတွေနဲ့

ဖော်ရွေတဲ့ လူတွေနဲ့

နင်တို့ သိပ်ငမ်းတဲ့

ပင်လယ်ကနန်းတွေလဲ

လတ်မှလတ်....။





...ကလေးမ...







PS: ငပလီကို လွမ်းသည်။

ခရမ်းသီးမွှေ အနံ့ရသည်။

ငနီသုတ်ထားပြီ

သပြုသီးချဉ်ရည်ဟင်းလဲ အသင့်

ဟင်းလက်သုတ်ထဲ ကြက်သွန်ကြော်လေး တဆိတ်ထပ်ဖြူးလိုက်ဦး

ရေကြက်သုတ်ထဲ ငရုတ်ကောင်းထည့်

ပုဇွန် တချို့ကိုကင် မျှင်ကို အစိမ်းသုတ်လိုက်

နင်တို့ တိုက်မယ့် ဂျင်ဆာဝါ လေး နဲ့

ပင်လယ်ထဲ ပေါလော မျောလိုက်မယ်ကွယ်

ရှလွတ် ရှလွတ်

Wednesday, December 29, 2010 at 3:13pm

No comments:

Post a Comment