အမြဲနားထောင်ဖူးတဲ့
အလွမ်းသီချင်းတွေ
အသက်ဝင်လာခဲ့ပြီ..
အမြဲ ကြည့်ခဲ့ဖူးတဲ့
အလွမ်းဇာတ်ဝင်ခန်းတွေ
သရုပ်ဆောင်နေရပြီ..
အမြဲအားကျဖူးတဲ့
သရုပ်ဆောင်ဆုကိုတော့
ငါနဲ့ လွဲပြီး..
တခြားတယောက်သာ ပေးခဲ့လိုက်ပါ..
ပြည့်ပြည့်စုံစုံ မလွမ်းတတ်တဲ့
င့ါကို
နင် ဒဏ်ရာတွေ အပြည့်နဲ့ ထားခဲ့လိုက်ပါ....
PS အမြဲပျော်နေချင်တယ်..
...ကလေးမ...
Monday, June 7, 2010 at 5:45pm
No comments:
Post a Comment