Thursday, January 13, 2011

မိခင်နဲ့ အတူ လွတ်မြောက်ခြင်း

ကန္တာရအလယ်

မိုးသက်ငွေ့လေး ရလိုက်သလိုမျိုး..။



လိမ်လည် လှည့်ဖျားမှုတွေကြား

သစ္စာတရားရဲ့ လက်တစ်ဖက်

တို့အတွက် ဆန့်ထွက်ခဲ့ပြီ..။



ဒီပင်လယ် ဘယ်သူပဲ

ဖန်ဆင်း ဖန်ဆင်း

လေပြင်းတွေကြောင့်

လှိုင်းထန် ရတယ်၊

မီးပြတိုက်ရယ်

ဝေးဝေး နီးနီး

ဒီခရီးကိုလမ်း ပြလိမ့်မယ်...။



အဲဒီနေ့

ငါတို့ ရှာနေတဲ့ နောက်ဆုံးကြယ်

တို့ခေါင်းပေါ်က ရလိုက်သလိုမျိုး



ငါတို့တွေ

ပြုံးပျော်နေလိုက်ပုံများ

ဒီကမ္ဘာကို မျက်နှာတွေနဲ့

အလှဆင်ရင်လေ

အပြုံးမျက်နှာတွေ တစ်ခြမ်း

ဝမ်းသာမျက်ရည်တွေ တ၀က်...။



မှောင်မိုက်ပင်လယ်ရေ

အာရုံတက်လို့

နေ

ထွက်

ခဲ့

ပြီ။





by ရာစုသစ်မိုး
Tuesday, November 16, 2010 at 3:29pm

No comments:

Post a Comment