Thursday, January 13, 2011

စိတ်ကူးလမင်း ငွေအဆင်းသို့

အုန်းသီးဖွေးဖွေး

နို့ရည်ဖြူလေးနဲ့

ပေါက်ဆီ တို့ကာ

စားရှာပါလဲ

ငါ၏ အသားရောင်

ထို မည်းပြောင်ပြောင်သည်

ထူး၍ မခြား

ပြောင်းလဲ မလာ

မည်းမြဲ မည်းသာ မည်း၍သာတည်း။



ငါ၏ အိပ်မက်

ထို စိတ်ကူးချက်က

မျက်နှာလမင်း

စိုင်ဝါဂွမ်းကဲ့သို့

ဖွေး၏ဖြူသည်

တိမ်ငွေစိုင်အလား.... မြူနှင်းအလား....။



နေ့စဉ် ဖြူဖွေး

ထိုထို facial ဆေးတို့သည်

မတိုး အသားရောင

်မွဲ၍ မပြောင်သည

်ပိုက်ဆံသာရွဲ

လူက မွဲလာလေပြီ...။



ဤနည်းမဟန်

တမျိုးကြံ၍

ငါ၏ အရပ်

ထိုပုတက်ကို

ိုရှည်လျားလွန်ရန

်ဘားဆွဲတမျိုး

ဒိုက်ထိုး တဖုံ

အမျိုးစုံအောင်

လုပ်ရပြန်ရာ၏...။

ထိုမှသာ ငါ၏ ဘရင်းနယူး

ကန်းထလီးရှူး၏

ခြေသလုံးအရှည်သည်

နဂိုရ်ဒူးခေါင်း

မဖုံးကြောင်း နှင့်

အလုံးစုံ ကျော်နိုင်ရာ၏...။





ဖွေးဖွေးလှုပ်ဖြူ

ဤ စမတ်လူသည်

အရပ်လဲ ရှည်၏

ဖိနပ်လဲ ရှည်၏ (country shoe)

(ဤသည်ကား စိတ်ကူး)





မနက် စိတ်ကူး

ညစိတ်ကူး

တထပ်ထဲမကျ

လူ့ဘ၀။

ဒေါသထွက်ဟန်

အိပ်မိပြန်

ကြားရအံ့သည်

ထိုဟောက်သံ

သင်္ဘောဥသြ မီးသတ်ကားသို့ ...။



ငါ၏အကြောင်း

ပေါင်လှန်ထောင်းဝံ့သော

အနှီစာရေးသူ

ကလေးမ သည်

နတ်သမီးတမျှ

ပြိုးပြက်လှ၍

မြူမှုန်နွယ်ကင်း

လှယမင်းရှင်။



``ဒီမယ် ကလေးမ``

ဒေါသတန်ခိုး

မျက်နှာမျိုးဖြင့်

မည်းမည်းနီပြူးသော

အကြင်လူ မျက်ခွက်သည်

်အသံနက်ကြီးဖြင့်

``ငါ xီး `` ဟုဆဲရန်

ကလေးမ ထံ အပြေးနှံလေပြီ။





လစ်ဦးစို့.....



...ကလေးမ...
Thursday, December 9, 2010 at 3:02pm

No comments:

Post a Comment