Thursday, January 13, 2011

ဒီဇင်ဘာ

အရောက်လာနေကျ

ဒီဇင်ဘာ မပျက်ကွက်ခဲ့ဘူး

ဒီ မီးခြစ်ဆံ ၀င်္ကဘာထဲ။



ငါလဲဘဲ...

စီးနေကျ မှတ်တိုင်က

မြင်နေကျ ကား

တက်နေကျ လူတွေနဲ့အတူ

သွားနေကျ လမ်းအတိုင်း

ရောက်နေကျ နေရာဆီ။



တကယ်တော့ ဒီဇင်ဘာ ရယ်

ဘ၀ ဆိုတာ မွဲပြာပုဆိုးတစ်ထည်ပါဘဲ။

ထမင်းစားလိုက် ရေသောက်လိုက်နဲ့

ပြာပြာသလဲ အသက်ရှင်နေရတာ။







...ကလေးမ...

ဒီဇင်ဘာ ၁ ရက်၊ ၂၀၁၀

No comments:

Post a Comment