မိုးရေ စက်လက်နဲ့
အခိုးတွေ ထွက်တဲ့အထိ
အော်ငိုခဲ့ကြ
အော်ဆိုခဲ့ကြ....
ရွှံ့ပေတလူးလူးနဲ့
ကိုယ်တွေ မြူးကြွ
ဘီယာ တန်ခိုးပြ...
ဘာမှန်းမသိတဲ့
Pandang Show က
ကိုချစ်ကောင်းနဲ့ မောင်အာနီ
ဝိုင်းစုတဲ့ ဖြူဖြူကျော်သိန်း
ဘာတွေ အော်ထိန်းထိန်း
ပေတလူတို့က
ထီဆို သွေးကကြွ
လုံးထွေးပတ်လည်
ကလိုက်ကြ
ပတ်ရိုက်လိုက်ကြ
ဒီလိုနဲ့ ...
ဘယ်လိုကြီးမှန်းကို မခံစားတတ်ခဲ့တဲ့
ငါတို့ရဲ့ သင်္ကြန်
၁၅ကျပ် ဖိုးနဲ့ တန်ခဲ့ပေါ့...
04-04-2010 Lazy Club Show (Pandang) အမှတ်တရ
...ကလေးမ...
Monday, April 5, 2010 at 6:05pm
No comments:
Post a Comment