ဒီလ
ဒီဇင်ဘာလ
ဆောင်းအတုကြားမှာ
စာရင်း မပြုစုဖြစ်ဘူး။
ခရီးတခု နှင်နေရင်းနဲ့ပဲ
နှင်းအတုတွေ
ကျော်လွန်ခဲ့ပြီ တစ်ရာသီ။
ခရစ်စမတ်ပင်တွေ
ဖွာလန်ကျဲ
ရုပ်ဝတ္ထုဆန်တဲ့
အဲ့ဒီ ပြဒါးလမ်းထဲ။
အလင်းတုတွေ
ခပ်စူးစူး
ငါလေ
တူးပြီးသာ ယူသွားလိုက်ချင်ရဲ့
ငါ့မြေဆီ။
ခရစ်တော် အမျက်တော်ရှထားတဲ့
အဲ့ဒီ မြေလွှာမှာ
အပင်တွေ လဲ နွမ်း
လူတွေလဲ ပန်းနေပြီ သခင်ရဲ့
ဖြေပေးလှည့်ပါ။
Branded ရာသီ
ငါ အမီ မရောက်ဖြစ်ခဲ့ဘူး
တဆိတ် ဈေးမြင့်လွန်းတယ်ကွယ်။
ဘာတဲ့....
ကိုယ်တို့က မြေကြီးနဲ့ နီးတယ်
ရုပ်ဝါဒီ သမား မဟုတ်ဘူး။
အဆင်တန်ဆာတွေ
အစီရင်ခံစာတွေ မလိုဘူး။
ခြူးတပြား အပိုမရှိတာပါကွယ်
တနေ့နေ့ပေါ့
စာရင်းတော့ မှတ်ဖြစ်ပါလိမ့်မယ်
တစ်နေရာရာ...။
...ကလေးမ...
December 23, 2010 at 5:34pm
No comments:
Post a Comment