Thursday, January 13, 2011

ဖေဖေ့အတွက်

အဖေရေးတဲ့ စာ
အဖေရေးတဲ့ ကဗျာ
အဖေ့ ရင်ဘတ်ထဲက မေတ္တာ
အဖေ့ နှလုံးသားထဲက အနုပညာ
အဖေ့ ရေးခဲ့တဲ့ အဖေ့ရဲ့ ရာဇ၀င်
အရာထင်ထင် ကျန်ခဲ့ပါတယ် အဖေ..
အဖေ
သီချင်းသံတွေ လျှံနေတုန်းပါ
ကရုဏာတွေ ကျန်နေခဲ့တာ
အဖေ
အဖေမရှိတော့ပေမယ့်
အဖေ့ကို ချစ်တဲ့ စိတ်နဲ့
အဖေ ပြောခဲ့သမျှ နားထောင်
အဖေ့ကို တန်ဖိုးထား
သမီး ကြိုးစားပါ့မယ် အဖေ.......


...ကလေးမ...
16-05-2010 တွင် ပြန်သွားခဲ့သော ဖေဖေဦးသုမောင် သို့ အမှတ်တရ
Monday, May 17, 2010 at 6:48pm

No comments:

Post a Comment