Thursday, January 13, 2011

ရွှေစင်

အဲ့ဒါပါဘဲ ရွှေစင်ရယ်

လွတ်လပ်ရေးနေ့ ရောက်တိုင်း

ဗိုလ်ချုပ်ကို မလွမ်းပဲ

ရွှေစင်ကို လွမ်းတယ်။



ပဲကြီးလှော်နဲ့ ဓနိရည်

စက်ဘီး ဓာတ်မီး

စီးမရ ခွမရ။



လမ်းမကြီးက

ဝေးလာလိုက်

နီးသွားလိုက်

ငိုက်စိုက်စိုက်နဲ့

ခြံပြင်ကနေ သံတွဲ

ဘယ်နည်းနဲ့

ခရီးနှင်ခဲ့ကြသလဲ။



၎ ရက်နေ့ရောက်တိုင်း

ခြံပြင် ဆီ ချီတက်

လှော်စာတွေ အပီနှက်ခဲ့တာ။



တနှစ်ပြီး တနှစ်

အချစ်ကြီး ချစ်ခဲ့ကြတာ



မဆုံလဲ ဘာအရေးလဲ

ငါတို့ အသွေးထဲ

ဓနိရည်တွေ စီးဆင်းနေဆဲ

မင်းမွေးနေ့

လှော်စာတွေနဲ့ နွေးထွေးနေဆဲ



ဒီမယ်

ငါတို့ အမြဲလဲ

ဆုတောင်းချွေဆဲ

မင်း ဘ၀လှပစေကြောင်းရယ်။

အသားလဲ ဖြူစေကြောင်းပေါ့

မည်းချီးတုန်းလေးရယ်။





...ကလေးမ...

04-01-2011

No comments:

Post a Comment