Thursday, January 13, 2011

စားသုံးသူ အမြဲမှန်သည်။

စကာင်္ပူ ဆိုတာနဲ့ မျက်စိထဲ ပြေးမြင်မိတတ်ကြတာက Merlion ။ ဟုတ်တယ် ဟုတ် ။ ဒါပေမယ့်

တခြား နာမည်ကြီး နေရာတွေ ရှိသေးတယ် ။ China Town ဆိုရင် တရုတ်တန်းပေါ့ ။

တရုတ်ရိုးရာ ပစ္စည်း အစုံအလင် ၊ တရုတ် အစားအစာ အကုန် အစုံ China Town မှာ ရတယ် ။

နောက်တစ်နေရာက Little India ။ သူကကျတော့ ကုလားတန်း လို့ ခေါ်လို့ရမယ် မထင်ဘူး ။

ကုလားတိုက် ဆိုရင်ကော ... ၊ ဟယ် ကျားတွေကိုက်ကုန်ပါဦးမယ်လေ ။ ထားတော့ ... ။

ခု ပြောပြချင်တာက အဲ့ဒီ Little India မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်လေး တစ်ခု ။





(၁)



ဂျိမ်းစ် နဲ့ သူ့လေဒီ လိုင်ရာ စကာင်္ပူကို အလည်ခရီးထွက်ခဲ့ကြတယ် ။

စကာင်္ပူရောက်ပြီ ဆိုမှတော့

ထုံးစံအတိုင်း အထင်ကရ နေရာတွေ လျှောက်သွားကြတာပေါ့ ။ ဒီနေ့ကျတော့ Little India ကို

သွားမယ့်နေ့ ။ ဒါပေမယ့် လိုင်ရာတော့ ပါမလာဘူး ။ နေမကောင်းလို့ ဆိုလား ဟိုတယ်မှာ

ကျန်ခဲ့လေရဲ့ ။ အဲ့ဒါနဲ့ပဲ ဂျိမ်းစ် တစ်ယောက်တည်း Little India ကို ထွက်လာခဲ့တယ် ။



Little India ရောက်တော့ ဖြူဖြူလေးတွေရော မည်းမည်းလေးတွေရော မာတုဂါမ အစုံအလင်ကို

တပုံတပင် တွေ့ရတော့တယ် ။ ဟိုငေး ဒီငမ်း (အဲလေ) ဟိုမေး ဒီစမ်း နဲ့ တစ်နေရာရောက်တော့

စိတ်ဝင်စားစရာ တစ်ခု သွားတွေ့တယ် ။





(၂)



ဒီနေရာမှာ ဘာဘူ့အကြောင်း နည်းနည်း ပြောစရာ ရှိလာပြီ ။ ဘာဘူ ဆိုတာက အလွယ်ခေါ်လိုက်တာ

သူ့နာမည်တော့ ကျုပ်လည်း မသိဘူး ။ သိချင် တွေ့မှ မေးကြည့်တော့ ။ ဘာဘူက

Little India မှာ

ဆံသဆိုင်လေး ဖွင့်ထားတယ် ။ ကြုံတုန်း ကြော်ငြာဝင်ရရင် ဘာဘူ့လက်ရာက နိုင်ငံတကာက

ဆံသပညာရှင်တွေနဲ့ ကြိုက်သလို ယှဉ်လို့ရတယ် ။ ဒါပေမယ့် ဘာဘူက လောဘမကြီးဘူး ။

Little India မှာ ဆံသဆိုင်သေးသေးလေး ဖွင့်ထားတယ် ။ ဆံသနှုန်းကိုလည်း

အသင့်အတင့်ပဲ ယူတယ် ။

သူ့ ပရိသတ်တွေလည်း မနည်းမနောပဲ ။ ဆိုင်စဖွင့်ကတည်းက တင်ထားတဲ့ ဆိုင်းဘုတ်လေးတောင်

တော်တော် ဟောင်းနေပြီ ။ ဘာဘူတို့က မုတ်ဆိတ်လေး တစ်လှုပ်လှုပ် ၊

ကွမ်းလေးတမြုံ့မြုံ့နဲ့

တစ်နေ့တစ်နေ့ လည်ပတ်လို့ ကောင်းတုန်း ။





(၃)



ဂျိမ်းစ် ဘာဘူ့ဆိုင်ထဲကို တန်းတန်းမတ်မတ်ပဲ ၀င်လာခဲ့တယ် ။

ဘာဘူကြီးက စီဒီစက်အစုတ်လေး ဖွင့်ပြီး ဆာဆန်နာပြာရကေး လုပ်နေတုန်းပေါ့ ။

ဂျိမ်းစ်ကို မြင်တော့ ဘာဘူ ပြာပြာသလဲ ထလာတယ် ။



- ဟရေး ဆပ် ... မင်္ဂလာ နံနက်ခင်းပါ -



- မင်္ဂလာပါ ဘာဘူ .. ဒီနေ့ နံနက်ခင်းက အရမ်းကို လှနေတာပဲဗျာ နော့ -



- သေချာတာပေါ့ ဆပ် ... ညှပ်မလား ရိတ်မလား -



- ညှပ်မယ် ဘာဘူ .. ခင်ဗျား အဆင်သင့်ပဲ မဟုတ်လား -



- အဆင်သင့်ပါပဲ ဆပ် ... ခုံပေါ်ကို ကြွပါခင်ဗျား -



- သေသေချာချာ ညှပ်ပေးပါ ဘာဘူ .. အခု ခင်ဗျားဆိုင်မှာ ကျွန်တော့်ဘ၀အတွက်

မမေ့နိုင်စရာ အတွေ့အကြုံ တစ်ခုခု ရလိမ့်မယ်လို့ မျှော်လင့်ပါတယ် -



ပြောပြောဆိုဆိုနဲ့ ဂျိမ်းစ် တစ်ယောက် Dressing Chair ပေါ်

သက်တောင့်သက်သာလေး ထိုင်ပြီး

ဘောင်းဘီဇစ်ကို ဆွဲချလိုက်ပါတယ် ။



- ဟရေး ဆပ် .. ဒါ ဘာလုပ်တာလဲ .. ကျုပ် သမ္မာအာဇီဝနဲ့ အသက်မွေးနေတာပါ

ဒါမျိုးတွေ ၀ါသနာမပါဘူး ဆပ် -



- ကျွန်တော် ဘာများ မှားသွားလို့လဲ ဘာဘူ .. သေသေချာချာ အကဲခတ်ပြီးမှ

ဆုံးဖြတ်ချက်ချပြီး လာခဲ့တာပါ .. ဘာဘူ လုပ်စရာ ရှိတာသာ လုပ်ပါလေ -



- ဒီမှာ ဆပ် .. ကျုပ် ရိုးရိုးသားသား ဆံပင်ညှပ်စားနေတာ ဟောသည့် Little India မှာ

ဘယ်သူ့ မေးမေး မေးလို့ရပါတယ် .. ဆပ် အနေနဲ့ လူကြီးလူကောင်းမှန်ရင်

ဒီလို ယုတ်ညံ့တဲ့ အပြုအမူမျိုး မလုပ်သင့်ဘူးလို့ အကြံပေးပါရစေ -



- မဟုတ်သေးဘူး ဘာဘူ .. ကျွန်တော် လုံးဝ မမှားဘူးဆိုတာ ဘုရားသခင်ကို တိုင်တည်ပြီး

ပြောရဲတယ် .. ဘာဘူ့ ဆိုင်ဝမှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကို သေသေချာချာ ဖတ်ပြီးမှ

ကျွန်တော် ၀င်လာခဲ့တာပါ ... ကဲပါလေ ... ငြင်းမနေပါနဲ့တော့ ... ဘာဘူ

ညှပ်စရာ ရှိတာသာ ညှပ်ပါ -



ဘာဘူ တစ်ချက် တွေဝေသွားတယ် ။ ဆိုင်းဘုတ် ... ။ ဒီငနဲ ပြောတဲ့ သူ့ဆိုင်ရဲ့

ဆိုင်းဘုတ်က

ဘာများ အမှားအယွင်း ဖြစ်နေလို့လဲပေါ့ ။ ဆိုင်အပြင်ကို ၀ုန်းခနဲ ပြေးထွက်သွားတယ် ။

သူ့ဆိုင်းဘုတ် သူ ပြန်ကြည့်ရင်း မျက်နှာ ကွက်ခနဲ ပျက်သွားတယ် ။ ချွေးတွေ

အတောင့်လိုက်

ထွက်လာတယ် ။ ပြီးတော့မှ စိတ်ဆုံးဖြတ်လိုက်ဟန်နဲ့ ချွေးတွေသုတ်ရင်း ခေါင်းတခါခါနဲ့

ပြန်ဝင်လာတယ် ။ သူ့ဘက်က လိုအပ်ချက် ရှိခဲ့ပြီလေ ။ Customer Right ဆိုတဲ့

စကားအတိုင်း

စားသုံးသူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရတော့မှာပေါ့ ။



ဘာဘူ ဂျိမ်းစ်ကို အကောင်းဆုံး ဆံသနည်းနဲ့ ၀န်ဆောင်မှု ပေးလိုက်တယ် ။

ဂျိမ်းစ်လည်း ပျော်တပြုံးပြုံး ။ သူ့ဘ၀မှာ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့

ဝန်ဆောင်မှုကို ဘာဘူ့ဆီက ရခဲ့တာကိုး ။



- ညှပ်ခ ဘယ်လောက်ကျပါသလဲ ဘာဘူကြီး -



- ဆယ့်ငါးဒေါ်လာပါ ဆပ် -





(၄)



ဂျိမ်းစ် တစ်ယောက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဟိုတယ် ပြန်ရောက်လာတယ် ။ သူ့လေဒီကို

သူ့ရဲ့ အတွေ့အကြုံဆန်း ၊ အောင်မြင်မှု ၊ ဘာဘူကြီးရဲ့ ၀န်ဆောင်မှု အကြောင်း

ဝေေ၀ဆာဆာ ပြောပြလိုက်တယ် ။ သူ့လေဒီ လိုင်ရာက ဘာပြောတယ် မှတ်သလဲ ။



- ကျွန်မကိုလည်း လိုက်ပို့ပေးပါ ဂျိမ်းစ် .. ဒီလို ၀န်ဆောင်မှုမျိုး ကျွန်မလည်း

ရောက်တုန်းရောက်ခိုက်မှာ ကြုံဖူးချင်တယ် -





(၅)



ဂျိမ်းစ် နှင့် လိုင်ရာ တို့ ဆိုင်ထဲဝင်လာတာကို မြင်လိုက်တာနဲ့ ဘာဘူကြီး ရှိသမျှ

ဘုရားအဆူဆူကို တ,လိုက်မိရတယ် ။ ဒီငနဲ သူ့ကို ဘယ်လို ဒုက္ခဆိုးမျိုးတွေ

ထပ်ပေးဖို့ လာခဲ့တာပါလိမ့် ။ အလ္လာအရှင်မြတ် ... ဒီဂြိုဟ်ဆိုးကောင်ကို

ဒီအတိုင်း ကြည့်မနေပါနဲ့ ... အပြစ်ပေးတော်မူပါလော့ ။ ဆုတောင်း၍ပင် မဆုံးသေး ...



- ဘာဘူ ... ကျွန်တော့် အမျိုးသမီးကလည်း ဘာဘူ့ဆီမှာ ညှပ်ချင်လို့ ခုလို

နောက်တစ်ခေါက် ထပ်ရောက်လာခဲ့တာပါ .. Nice to meet you again !



ဘာဘူ စိတ်ထဲမှ ကျိန်ဆဲမိသော်လည်း တကယ့်လက်တွေ့မှာတော့ Customer ကို

ချိုသာယဉ်ကျေးစွာ တုံ့ပြန်လိုက်ရသည် ။ ပေါက်တဲ့နဖူး မထူးတော့ဘူး ဟု

စိတ်ဆုံးဖြတ်လိုက်ပုံလည်း ရသည် ။



လိုင်ရာ ဂါဝန်ကို ခါးလယ်ထိ မ,တင်ကာ Dressing Hair ပေါ် ထိုင်လိုက်သည် ။

ဘာဘူ့ခမျာမှာတော့ ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးအစုံ ၊ ချွေးစေးတို့

ဝေ့သီနေသော မျက်နှာဖြင့် တစ်ကိုယ်လုံး တုန်ရီစွာ ။



ထိုသို့ဖြင့် ဘာဘူ့ လုပ်ငန်းစဉ် ပြီးဆုံးခဲ့ချေပြီ ။



လိုင်ရာလည်း လွန်စွာ ကျေနပ်သွားပုံရသည် ။ နေမကောင်းဖြစ်နေသည်ပင်

ချက်ချင်း လွင့်စင် ပျောက်ပျက်သွားသလိုလို ။



ဂျိမ်းစ်က ငွေရှင်းရန် မေးလိုက်သည် ။



- ၁၅ ဒေါ်လာပဲ မဟုတ်လား ဘာဘူ -



- နိုး ဆပ် .. ဒေါ်လာ ၃၀ ကျပါတယ် -



- ဘယ်လိုလဲ ဘာဘူ .. ကျွန်တော့်တုန်းက ၁၅ ဒေါ်လာပဲ ကျတယ် ..

အခုမှ ဘာကြောင့် ဒေါ်လာ ၃၀ ဖြစ်ရတာလဲ -



- ကျုပ် ရှင်းပြပါ့မယ် ဆပ် .. ကျုပ် ဆပ်ကို ညှပ်ပေးတုန်းက ဆပ်မှာ

လက်ကိုင် ပါတယ်လေ ... လက်ကိုင်ကို သေသေချာချာ ကိုင်ပြီး

ညှပ်ပေးရတော့ သိပ်အခက်အခဲ မရှိလှဘူး .. ဒါကြောင့် ၁၅ ဒေါ်လာ ကျတယ် ..

အခု ဆပ်ရဲ့ လေဒီကျတော့ လက်ကိုင်မပါဘူး .. လက်ကိုင်နေရာမှာ

အပေါက်အမြဲတွေ တွေ့ရတယ် ... အဲ့ဒါတွေ ဒီ့ထက် ပိုမဆိုးသွားအောင်

ထိန်းထိန်းသိမ်းသိမ်း ညှပ်ပေးရတာ ကျုပ်မှာ စိတ်တွေအိုက် ဇောချွေးတွေပါ ပြန်တယ် ဆပ်

ဒါကြောင့်မို့ ဒေါ်လာ ၃၀ ကျပါတယ် -



- ပေးလိုက်ပါ ဂျိမ်းစ်ရယ် .. ဒါမျိုးက ဒီလိုနေရာမျိုးမှာပဲ ရှားရှားပါးပါး ရတာ

ဒေါ်လာ ၃၀ မကလို့ ဒေါ်လာ ၅၀ လည်း တန်ပါတယ် -



ဂျိမ်းစ် ကျသင့်ငွေ ဒေါ်လာ ၃၀ ရှင်းပေးလိုက်ပြီးနောက် လိုင်ရာနှင့်အတူ

ပျော်ရွှင်ကြည်နူးစွာ ထွက်သွားကြသည် ။ ဘာဘူ့လက်ထဲတွင်တော့

ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ဒေါ်လာစက္ကူလေးများ ။

ခံပြင်းစိတ် ရှက်ရွံ့စိတ်တို့နှင့် မြိုက်လောင်နေသော ဘာဘူ့မျက်လုံးများ ။

ဘာဘူ့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါနေသည်မှာ ဆိုင်လေးပင် တုန်ခါနေသယောင်ယောင် ။





(၆)



နောက်တစ်နေ့မှ စ၍ Little India တွင် ဘာဘူ့ ဆံသဆိုင်လေး လုံးဝ

ပျောက်ကွယ်သွားတော့သည် ။

ဘာဘူကိုယ်တိုင်လည်း မည်သည့်အရပ်သို့ ရောက်ရှိသွားသည် မသိ ။

ပျောက်ချင်းမလှ ပျောက်သွားလေတော့သည် ။





==============================

============================



ခင်ဗျားတို့လည်း စကာင်္ပူရောက်ရင် Little India ကို ရောက်အောင် သွားကြည့်ပေါ့ ။

ဘာဘူ့ဆိုင်လေး အခုထိ ရှိနေတုန်းပဲ ။ ဆိုင်းဘုတ် အဟောင်းလေးနဲ့ ဆိုင်အဟောင်းလေး ။

SUNDER HAIR CUT ဆိုတဲ့ ဆိုင်းဘုတ်လေး တွေ့ရင် အဲ့ဒါ ဘာဘူ့ဆိုင်ပဲ ။



အဲ ... ပြောဖို့ မေ့တော့မလို့ ... ။ ခု ကိစ္စတွေ ဖြစ်လာရတဲ့ တရားခံက

အဲသည့် ဆိုင်းဘုတ် ။

ဘာဘူ့ခမျာ ကွယ်လွန်သွားရှာတဲ့ သူ့ချစ်ဇနီး နာမည်ကို တမြတ်တနိုး

ဆိုင်နာမည်ပေးထားတာ ။

SUNDER (စန္ဒရာ/ချန်ဒရာ) HAIR CUT ရယ်လို့လေ ။ ဖြစ်ချင်တော့ နှစ်ရှည်လများ

ကြာလာတဲ့အခါမှာ

ဆိုင်းဘုတ်က -S- တစ်လုံး ပြုတ်ထွက်ပြီး UNDER HAIR CUT ဆို

ဖြစ်သွားလေတော့ ............. ။





ဆူးခက်မင်း/ ကလေးမ
Friday, January 7, 2011 at 1:29pm


ဤဇာတ်လမ်းကို ပြောပြခဲ့သူ စင်ကာပူသားကြီး ခမျာလဲ passed away လေပြီ။ သူ့သည် သေဆုံးသည့်တိုင် လူအများကို ဟာသပေးသွားနိုင်သေးသည်။ နိုင်ငံခြားခရီးစဉ်တွင် သူ ကျားဟော်မုန်း စိတ်ကြွဆေး သုံးစွဲမှု လွန်ကဲခြင်းကြောင့် မတော်တဆ သေဆုံးသွားခဲ့သည်။

(ဤကား စကားချပ်)

No comments:

Post a Comment