Thursday, January 13, 2011

ထောင့်ကျဉ်း

မင်း

ပြောခဲ့သလိုပေါ့ကွာ



စိတ်ဆတ်တယ်

ကြွေးမဆပ်ဘူးဆိုတဲ့ လောကဓံမှာ

သံချိတ်က ပြုတ်ကျသွားတဲ့စိတ်နဲ့

အတိတ်က ပုံလက်သား ကြေမွ။



အိမ်ကွင်း

အဝေးကွင်း

ဘယ်သီချင်းဖြစ်ဖြစ်

မင်းချစ်ခဲ့မှာပါ။



နောက်ဆုံးတော့

ဝက်သစ်ချစည်ထဲက နှစ်ချို့ဝိုင်ဆိုတာလည်း

မင်းဖွင့်ထားတဲ့ ပုလင်းထဲက အရက်လို

တစ်လောကလုံးကို မူးယစ်စေခဲ့တာပဲမဟုတ်လား။



မျှော်လင့်ချက်ကို

ဆက်သွယ်ကြည့်တော့

“…. လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ

ဆက်သွယ်ရေး ဧရိယာပြင်ပသို့

ရောက်ရှိနေပါသဖြင့်…..” တဲ့။ ။



ချစ်တိုးနွယ် ( ဧပရာယ် ၂၀၀၅ ရုပ်ရှင်သစ္စာ )
http://patheincity.com/news/index.php/2010/07/today-poem-narrow-angle/#ixzz1AnXCLjw0

1 comment:

  1. are u arakan? i love your blogspot. it is so nice and your ideas are so good.

    ReplyDelete